Friday, May 21, 2010

ခရီးသွား အတိုင်ပင်ခံ

အကယ်၍ သင်ဟာ ခရီးသွားရတာ ၀ါဿနာပါမယ်၊ သူများပျော်ရင် ကြည်းနူးတက်တဲ့ စိတ်ထားလဲ ရှိမယ်၊ စိတ်လှုပ်ရှားဖို့ကောင်းပြီး ကိုယ်ပိုင် ဖန်တီး လုပ်ဆောင်နိုင်တဲ့ အလုပ်တစ်ခု လိုချင်မယ်ဆိုရင်တော့ ခရီးသွား အတိုင်ပင်ခံ (ခ) ခရီးသွား အကြံပေး လို့ခေါ်တဲ့ Travel Consultant အလုပ်ကို စဉ်းစားနိုင်ပါတယ်။

Travel Consultant တစ်ယောက် ရဲ့အလုပ်ကတော့
ကိုယ့်ရဲ့ပျော်ရွှင်မှု
အတွေ့အကြုံ
တတ်သိထားတဲ့ အသိပညာ
ကိုယ်ပိုင်ဉာဏ်စွမ်းဉာဏ်စ
ညှိနှိုင်းမှု အတက်ပညာ
အထက်ကအရာ အားလုံးကိုစုပေါင်းပြီး ပထ၀ီအနေအထား၊ ရာသီဥတုအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး အနေအထား တို့ကို ပေါင်းစပ်ကာ ဧည့်သည်အတွက် အခြေခံကျတဲ့ ခရီးစဉ် (Travel Itinerary) ထုတ်ပေးရမယ်။

အဲဒီအတွက် သင်ဟာ ပထ၀ီအနေအထားနဲ့ အကျွမ်းတ၀င်ရှိဖို့ လိုသလို အကုန်အကျစရိတ်ကိုလည်း စနစ်တကျ လစ်ဟာမှုမရှိစေဘဲ တွက်ချက်နိုင်ရမယ်။ 

ခရီးစဉ်အတိုင်း တည်းခိုမည့် ဟိုတယ်၊ အသုံးပြုမယ့် ယာဉ်လမ်းကြောင်း စသဖြင့် အစီအစဉ်တကျ စီစဉ်နိုင်ရန် စီမံခန့်ခွဲမှုပိုင်းလဲ တက်ကျွမ်းရပါမယ်။

ဖြစ်ပေါ်နေတဲ့ လတ်တလော သတင်း အခြေအနေ သာမက ခရီးသွားနယ်ပယ်အတွင်းရှိ အခြား အရောင်းမြှင့်တင်ရေး အစီအစဉ်များကိုလည်း မျက်ခြေမပျက် စောင့်ကြည့်ရမယ်။
 
ကမ္ဘာပေါ်မှာ အသုံးများတဲ့ ခရီးစဉ် အမျိုးအစားအများကြီးရှိတယ်။ ထင်ရှားပြီး အသုံးများတဲ့ ခရီးစဉ် အမျိုးအစား အချို့ကို အောက်ပါအတိုင်း လေ့လာလို့ ရပါတယ်။
  • ရိုးရာယဉ်ကျေးမှု လေ့လာရေး ခရီးစဉ် (Cultural Travel)
  • အပန်းဖြေ ခရီးစဉ် (Leisure Travel)
  • စီးပွားရေး ခရီးစဉ် (Business Travel)
  • အားကစား ခရီးစဉ် (Sport Travel)
  • မင်္ဂလာဦး ခရီးစဉ် (Honeymoon Travel)
  • မိသားစု ခရီးစဉ် (Family Travel)
  • လှုပ်လှုပ်ရှားရှား ခရီးစဉ် (Adventure Travel)
  • ဘာသာရေး ခရီးစဉ် (Religion Travel)
  • လွမ်းမောဖွယ်ရာ ခရီးစဉ် (Memorial Travel)
စသဖြင့် အခြားခရီးစဉ် များစွာလည်း ရှိသေးတယ်။

ကိုယ်တာဝန်ယူ ဆောင်ရွက်ပေးလိုက်တဲ့ ဧည့်သည်ဟာ ခရီးစဉ်တလျှောက် ပျော်ရွှင်ချမ်းမြေ့ပြီး သာယာချောမွေ့တဲ့ အချိန်တစ်ခု သူပိုင်ဆိုင်သွားတယ်ဆို Travel Consultant တယောက်ရဲ့ ၀မ်းသာအားရ ကျေနပ်အပြုံး နဲ့ ငြိမ်းချမ်းတဲ့ ပီတိကို လုပ်ငန်းခွင်မှာ သင်ပိုင်ဆိုင်ပါလိမ့်မယ်။

ပျော်ရွှင်ပါစေ။






မနက်ဖြန်

Friday, March 12, 2010